အခြေခံပညာရေးအစီအစဉ်

မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ပညာရေးအခွင့်အလမ်းများ လိုအပ်နေသော ကလေးများအတွက် အရည်အသွေးရှိသော အခြေခံပညာရေးကို ပံ့ပိုးပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ အခြေခံပညာရေးအစီအစဉ်တွင် KG မှ Grade 9 အထိ တရားဝင် အခြေခံပညာရေးကို သင်ကြားပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူများအား ပညာရေးအခြေခံကောင်းများ ရရှိစေရန်နှင့် အနာဂတ်ပညာရေးခရီးစဉ်များအတွက် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်ပါသည်။

ပညာရေးနှင့် ဘဝဖွံ့ဖြိုးရေး ပေါင်းစပ်မှု

မြင်သာမြို့ဦး၏ ပညာရေးအမြင်မှာ စာပေပညာရပ်များ သင်ကြားပေးခြင်းသာမက ကလေးတစ်ဦး၏ စိတ်ဓာတ်၊ အကျင့်စာရိတ္တနှင့် လူမှုဘဝအတွက် လိုအပ်သော အရည်အချင်းများကိုပါ တစ်ပြိုင်နက် ဖွံ့ဖြိုးပေးရန် ဖြစ်ပါသည်။ 



ထို့ကြောင့် ကျောင်းသားများအား—

လေ့လာသင်ယူလိုစိတ်


စည်းကမ်းရှိမှု


တာဝန်ယူမှု

ကိုယ်ကျင့်တရားကောင်းမွန်မှု

အခြားသူများကို လေးစားတန်ဖိုးထားမှု


ကလေးတစ်ဦးချင်းစီ၏ အရည်အချင်း ဖွံ့ဖြိုးရေး

ကျွန်ုပ်တို့သည် ကလေးတိုင်းတွင် မတူညီသော စွမ်းရည်များနှင့် အနာဂတ်အလားအလာများ ရှိသည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ပညာရေးအောင်မြင်မှုတစ်ခုတည်းကိုသာ အာရုံမပြုဘဲ ကလေးတစ်ဦးချင်းစီ၏ စိတ်ဝင်စားမှု၊ အားသာချက်နှင့် ကိုယ်ပိုင်အရည်အချင်းများကို ရှာဖွေဖော်ထုတ်ကာ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးပံ့ပိုးပေးလျက်ရှိပါသည်။

အနာဂတ်ပညာရေးအတွက် အခြေခံတည်ဆောက်ခြင်း

အခြေခံပညာရေးသည် ကလေးတစ်ဦး၏ အနာဂတ်ဘဝတည်ဆောက်ရေးအတွက် အရေးကြီးသော အခြေခံအဆင့်တစ်ရပ် ဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းသားများအား နောင်တွင် Grade 10၊ Grade 11၊ Grade 12၊ တက္ကသိုလ်ပညာရေးနှင့် အခြားသော ဆက်လက်ပညာရေးအခွင့်အလမ်းများကို ရွေးချယ်နိုင်ရန် လိုအပ်သော အသိပညာ၊ စိတ်ဓာတ်နှင့် အရည်အချင်းများ ရရှိစေရန် အခြေခံကောင်းများ တည်ဆောက်ပေးလျက်ရှိပါသည်။

“လူတော် လူကောင်း” များ ပျိုးထောင်ခြင်း

မြင်သာမြို့ဦး၏ အခြေခံပညာရေးအစီအစဉ်သည် စာမေးပွဲအောင်မြင်မှုသာမက မိမိကိုယ်ကို ယုံကြည်မှုရှိသော၊ တာဝန်ယူတတ်သော၊ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်သော “လူတော် လူကောင်း” များ ဖြစ်လာစေရန် အခြေခံအုတ်မြစ်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။