ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်

ရည်မှန်းချက် (Vision)

ပညာရေးအခွင့်အလမ်းများ အကန့်အသတ်ရှိနေသော ကလေးများနှင့် လူငယ်များအတွက် အရည်အသွေးရှိသော ပညာရေး၊ ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် ဘဝအတွက် လိုအပ်သော အရည်အချင်းများကို ပံ့ပိုးပေးရန် ရည်မှန်းပါသည်။
ထိုမှတစ်ဆင့် မိမိဘဝကို မိမိတာဝန်ယူ တည်ဆောက်နိုင်ပြီး မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံအတွက် အကျိုးပြုနိုင်သော တာဝန်သိ၊ အရည်အချင်းပြည့်ဝသည့် “လူတော် လူကောင်း” များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းတာဝန် (Mission)

မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည်—

  • ပညာရေးအခွင့်အလမ်း နည်းပါးနေသော ကလေးများနှင့် လူငယ်များအတွက် လက်လှမ်းမီသော အရည်အသွေးရှိသည့် ပညာရေးကို ပံ့ပိုးပေးခြင်း၊
  • စာပေပညာနှင့်အတူ စည်းကမ်း၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှုနှင့် လူမှုအကျိုးပြုစိတ်ဓာတ်များကို ပျိုးထောင်ပေးခြင်း၊
  • ကလေးတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အရည်အချင်း၊ စွမ်းရည်နှင့် အလားအလာများကို ရှာဖွေဖော်ထုတ်၍ ဖွံ့ဖြိုးလာစေရန် အားပေးပံ့ပိုးပေးခြင်း၊
  • ပညာရေး၊ လူမှုဖွံ့ဖြိုးရေး၊ အားကစား၊ အနုပညာနှင့် ဘဝကျွမ်းကျင်မှုများကို ပေါင်းစပ်၍ ကလေးများနှင့် လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခြင်း၊
  • ယုံကြည်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံ၍ ကလေးများ၏ အနာဂတ်ကောင်းမွန်ရေးအတွက် ရေရှည်တည်တံ့သော ပညာရေးပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးခြင်း။