“ဆရာနဲ့ IGCSE သင်ခဲ့ရတာ ပျော်ဖို့အကောင်းဆုံးအချိန်တွေပါ။ စာလည်းရသလို Pleasure တွေလည်းအများကြီး ရခဲ့တယ်။ ဆရာ့ကြောင့် Mathsတိုးတက်ခဲ့ပြီးတော့ (၆) လအတွင်း ဆရာသင်ပေးခဲ့တဲ့subjectတွေမှာ A*တွေရခဲ့တာ တကယ်ကိုမယုံနိုင်စရာကောင်းပါတယ်...
He always treats us like his family members and also I am here at Albukhary International University because of his advice."
"Sayar Win Naing is very welcoming and provides me with all the necessary knowledge I need to get A* in my O Level. He gives me extra classes when my exam is near. He also treats us like one of his own brothers and makes sure we do not make the same mistake we made during preparation. He is also very chill and plays games with us after the study is done. Overall, it was a great experience at Elite Academy with Sayar Win Naing."
သူများတွေ(၂)နှစ်(၃)နှစ်နဲ့အချိန်ဆွဲပြီး သင်နေတဲ့အချိန်မှာ (၅)လနဲ့လိုရင်းကိုပြတ်ပြတ်နဲ့ ထိထိမိမိသင်ပေးခဲ့တဲ့ဆရာဝင်းနိုင်ရဲ့ကျေးဇူးကိုတော့ လုံးဝမမေ့ပါဘူး.... ဆရာကျွန်တော့်ကိုသင်ခဲ့တုံးက textbookတစ်ချက်မသုံးခဲ့ပါဘူး။ ကျွန်တော့်ကိုသူထုတ်ထားတဲ့ notesတွေနဲ့ပဲသင်ပေးသွားတာပါ။ ကျွန်တော်အကြိုက်ဆုံးကတော့past paperနဲ့တွဲတွဲပြီး သင်သွားတာပါ။ အဲ့လိုသင်တော့examမှာဘယ်လိုဖြေရမလဲ တစ်ခါတည်းpracticeလုပ်ပြီးသား ဖြစ်သွားတယ်။ ကျွန်တော့်ကို အဲ့လိုတွေသေသေချာချာ စိတ်ရှည်ပြီးရှင်းပြလို့လဲ ကျွန်တော် ဆရာ့subjectsတွေအားလုံး band 9 ရခဲ့ပါတယ်။ ကျွန်တော်ဆရာရကံကောင်းတယ်ပဲ ပြောရမှာပေါ့...
“ကျွန်တော်က ဆရာဝင်းနိုင်ဆီမှာPhysics, Chemistry, Math Aနဲ့ Math B လေးဘာသာကိုသင်ယူခဲ့ပါတယ်။ အရင်ကဆို ကျွန်တော်က Math ဆို ကြောက်ပြီးသားပဲ... ဆရာက စာပုံစံမျိုးမသင်ပဲ ပြင်ပအတွေးအခေါ်နဲ့ ပေါ့ပေါ့ပါးပါးလွယ်လွယ်ကူကူနဲ့ သင်ပေးခဲ့လို့ Math ကို လွယ်ကူခဲ့ရပါတယ်။ ဆရာ့ရဲ့ သင်ကြားမှုကြောင့် အချိန်တိုအတွင်းမှာ (၄)ဘာသာလုံးကို ဆရာကနားမလည်တဲ့စာတွေကို ထပ်ခါထပ်ခါမေးလည်း စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါတယ်။ လွယ်လွယ်ကူကူနဲ့ အမှတ်ကောင်းကောင်းရခဲ့ပါတယ်။ မန္တလေးမှာ IGCSEကိုဖြေတုန်းကတော့ ဆရာကကျွန်တော်နဲ့အတူ စာလိုက်လုပ်ပေးခဲ့လို့ result ကောင်းကောင်းရခဲ့ပါတယ်.... အဲ့ဒါကြောင့်လည်း အခု INTI Malaysia မှာကျောင်းတက်နေပါတယ်...”
မြန်မာကျောင်း ၇ တန်းအောင်ပြီး IGCSE ဘက် ကူးပြောင်းချိန်မှာ နာမည်ကြီးကျောင်းကြီးတစ်ခုမှာ ထားခဲ့ပေမဲ့ ဘာသာရပ်အသစ်တွေဖြစ်တဲ့ Physics၊ Chemistry တွေနဲ့ အသားမကျဘဲ သမီးလေး စာမလိုက်နိုင်ဖြစ်ခဲ့ရပါတယ်။ ကျောင်းဆက်မတက်ချင်တော့တဲ့အထိ စိတ်ဓာတ်ကျပြီး တစ်နှစ်နားလိုက်ရပေမဲ့ Elite Academy (ဆရာဦးဝင်းနိုင်) နဲ့ တွေ့ဆုံခဲ့ရတာက ကျွန်မတို့အတွက် ကံကောင်းခြင်းတစ်ခုပါပဲ။ ၂၀၂၄ Oct/Nov Exam ဖြေဖို့ (၆) လအလိုမှ ဘာသာရပ်အသစ်တွေ ပြန်စရတာဖြစ်လို့ စိုးရိမ်ခဲ့ပေမဲ့ ဆရာက သမီးရဲ့ အရည်အချင်းနဲ့ ကိုက်ညီမယ့် Math A ကို ပြောင်းလဲသင်ယူဖို့ အကြံပြုပေးခဲ့ပြီး နွေးနွေးထွေးထွေးနဲ့ စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့ပါတယ်။ ဆရာ့ရဲ့ စေတနာပါတဲ့ သင်ကြားမှု၊ Past Paper တွေကို အကြိမ်ကြိမ် လေ့ကျင့်ပေးမှုတွေကြောင့် သမီးလေးဟာ Physics, Chemistry, Math A, Math B စတဲ့ ဘာသာစုံကို ယုံကြည်မှုရှိရှိနဲ့ ဖြေဆိုနိုင်ခဲ့ပါတယ်။ စာသင်ပေးရုံတင်မကဘဲ စာမေးပွဲကြေးသွင်းတာကအစ မိဘကိုယ်စား တာဝန်ယူပေးတဲ့ ဆရာ့ရဲ့ စေတနာကို အထူးပဲ ကျေးဇူးတင်ရပါတယ်။ IGCSE လမ်းကြောင်းမှာ လမ်းပျောက်နေတဲ့ ကျောင်းသား/မိဘတွေအတွက် စိတ်ချအားကိုးရတဲ့ Elite Academy ကို ညွှန်းပေးချင်ပါတယ်ရှင်။
IGCSE ဆိုတာနဲ့ ကြောက်စရာကြီးလို့ ထင်နေတဲ့ ဂျူနီယာလေးတွေနဲ့ စိတ်ပူနေတဲ့ မိဘတွေအတွက် ကျွန်မရဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။ ကျွန်မကတော့ ၂၀၂၅ Oct/Nov မှာ Elite Academy ကနေ အောင်မြင်စွာ ဖြေဆိုခဲ့တဲ့ ဟေမာမျိုးမြင့် ပါ။ အစကတော့ ၈ လအတွင်းမှာ Intensive Class ဆိုတော့ စာတွေပိပြီး ပျော်ဖို့အချိန်တောင် ရှိပါ့မလားလို့ စိုးရိမ်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ အကြောက်ဆုံး ဘာသာရပ်ဖြစ်တဲ့ Physics ကိုတောင် ဆရာဦးဝင်းနိုင်ရဲ့ Textbook ဖတ်စရာမလိုတဲ့ Notes ကောင်းကောင်းတွေကြောင့် မထင်မှတ်ဘဲ A* ရရှိခဲ့ပါတယ်။ ဆရာက ဆရာတစ်ယောက်လိုတင်မကဘဲ အစ်ကိုတစ်ယောက်လိုပါ နွေးနွေးထွေးထွေး ရှိပေးတော့ စာမေးရမှာလည်း မကြောက်ရသလို၊ ပညာရေးအပြင် တခြားဗဟုသုတတွေပါ အများကြီး ရခဲ့ပါတယ်။ စာသင်တဲ့ ၈ လအတွင်းမှာ သူငယ်ချင်းတွေနဲ့အတူ Boxing ကစားတာ၊ ဘောလုံးကန်တာ၊ Warehouse Cafe မှာ စုပြီးစာလုပ်တာနဲ့ အုပ်စုလိုက် ကားပတ်စီးပြီး အလည်သွားခဲ့တာတွေက ဘယ်တော့မှမေ့မှာမဟုတ်တဲ့ အမှတ်တရတွေပါ။ အမှတ်ရဆုံးကတော့ အားလုံးစုပြီး ထမင်းဟင်းတူတူချက်စားခဲ့ကြတာဖြစ်ပြီး ဆရာကိုယ်တိုင်က ဟင်းချက်နည်းကအစ သင်ပေးခဲ့တာပါ။ စာမေးပွဲနီးလို့ ခေါင်းပူလာရင်တောင် ဆရာက Cafe တွေခေါ်သွားပြီး စိတ်လက်ပေါ့ပါးအောင် လုပ်ပေးတတ်ပါတယ်။ စိတ်တူကိုယ်တူနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးကြတဲ့ သူငယ်ချင်းတွေ၊ စိတ်ရှည်လက်ရှည် သင်ပြပေးကြတဲ့ ဆရာ/ဆရာမများအားလုံးနဲ့ ကျွန်မတို့ကို အမြဲ Push လုပ်ပေးခဲ့တဲ့ ဆရာ Win Naing ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ IGCSE ကို ပျော်ပျော်ပါးပါးနဲ့ ရလဒ်ကောင်းတွေ ရချင်တယ်ဆိုရင်တော့ Elite Academy က အကောင်းဆုံးရွေးချယ်မှုပါပဲ။
အပင်မသန်ရင် မျိုးစေ့ကို သံသယဝင်နေမယ့်အစား မြေပြောင်းစိုက်ကြည့်ဖို့က မိဘတွေရဲ့ တာဝန်ပါပဲ။ IGCSE စနစ်ကို ကူးပြောင်းချိန်မှာ နာမည်ကြီးကျောင်းတစ်ခုရဲ့ 'Self-study ပဲလုပ်ပါ' ဆိုတဲ့စကားကို ယုံမိလို့ သမီးလေးရဲ့ အချိန်တွေ အချည်းနှီးဖြစ်ခဲ့ရဖူးပါတယ်။ စာမေးပွဲနီးမှ ကျောင်းကရလဒ်မကောင်းကြောင်း အကြောင်းကြားလာတော့မှ ကျွန်မတို့ ပြာပြာသလဲ ရှာဖွေရင်း Elite Academy က ဆရာဦးဝင်းနိုင်နဲ့ တွေ့ခဲ့ရတာပါ။ ကျောင်းက (၁၈) လသင်ရမယ့်စာကို ကျန်တဲ့ (၆) လထဲနဲ့ အမှီသင်နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ပေမဲ့ ဆရာက ကလေးရဲ့ အားနည်းချက်ကို သေချာ Test လုပ်ပြီး ဘာသာရပ်တွေကို စနစ်တကျ ပြန်ချိန်ပေးခဲ့ပါတယ်။ ကျောင်းကထွက်ပြီး ဆရာ့ဆီမှာပဲ အပ်လိုက်တဲ့အခါ သမီးဆီက ကြားရတဲ့စကားက 'မေမေ... ဒီဆရာနဲ့သာ စောစောတွေ့ရင် (၁၀) လနဲ့တင် ဖြေလို့ရတယ်၊ ရှင်းပြတာ အရမ်းနားလည်လွယ်တယ်' တဲ့။ ဆရာဦးဝင်းနိုင်က စီးပွားရေးထက် ကလေးတွေအပေါ် မေတ္တာ၊ စေတနာ အရင်းခံပြီး သူငယ်ချင်းလို ပေါင်းသင်းကိုင်တွယ်တတ်တာ ဆရာ့ရဲ့ အားသာချက်ပါ။ စာမေးပွဲနီးရင်လည်း အချိန်ပိုခေါ်သင်ပေးသလို၊ စာမေးပွဲရက်တွေမှာလည်း အနီးကပ် ကြီးကြပ်ပေးပါတယ်။ IGCSE လမ်းကြောင်းမှာ ဘယ်ကစရမှန်းမသိဘဲ စမ်းတဝါးဝါး ဖြစ်နေတဲ့ မိဘတွေအတွက် Elite Academy ကတော့ လုံးဝ နောင်တမရစေမယ့် ရွေးချယ်မှုပါလို့ စေတနာရှေ့ထားပြီး ညွှန်းဆိုပေးလိုက်ပါတယ်။
Before coming to this school, I started my IGCSE journey at another school, and to be honest, that period of my life was not easy. I struggled not only with learning but also with finding my place. There were times when I felt lost and unsure, and it often felt like I wasn’t really learning anything. My grades began to drop, and to be frank, all I knew was how to solve matrices, even though I wasn’t an ignorant learner. Slowly, this made me think that I was the problem. So, I decided to change schools. I did some research and found Elite Academy, and I must say it was one of the best decisions of my life. One reason is that the program was very time-efficient. Who would have thought that we could complete the exams within a span of eight months and still achieve excellent grades, turning what seemed impossible into something possible? It was all thanks to our sayar, who knew how to help us reach our full potential. I am also very grateful to have made friends with my classmates, whom I will never forget. We spent many great moments together. During my time here, I also learned many life lessons, such as how to behave responsibly,to improve morality,to cook, clean, use public transport and try so many new benificial things. We were taken to many activities, including sports like badminton, football and Lethwei, which I never thought I would try. We also enjoyed many fun moments such as eating out after class, having sleepovers, going on car rides, playing board games, and even walking all the way back to school for an hour just because we wanted to. With our sayar’s guidance, the IGCSE journey became much easier, and school started to feel more like home. He made it a place we didn’t dread going to. Being here helped me improve both academically and mentally, and for that I am truly grateful.